MEFL x MESF
- Tun Naung Win
- Dec 7, 2025
- 1 min read
𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁
WE ARE ONE NOW. STRONGER, TOGETHER!
Vandals Esports သည် Myanmar Electronic Sports Federation ၏ တရားဝင် အသိအမှတ်ပြု Organization တစ်ခုဖြစ်လာခဲ့ပြီဖြစ်ကြောင်းကြေညာအပ်ပါသည်။
ဤအသိအမှတ်ပြုခြင်းသည် ကျွန်ုပ်တို့အဖွဲ့အစည်းအတွက် အရေးကြီး Milestones တစ်ခု ဖြစ်လာစေပြီး Professionalism, Operational, Transparency (လုပ်ဆောင်မှု ပွင့်လင်းမြင်သာရှိမှု) နှင့်အတူ Myanmar eFootball လောက ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကျွန်ုပ်တို့ Players များအား ပေးအပ်ခဲ့သည့်ကတိကဝတ်ကို ထပ်မံအတည်ပြုသည့် အရာဖြစ်ပါသည်။
ဤဖွံ့ဖြိုးတိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် Myanmar EFootball League (MeFL) သည် မြန်မာနိုင်ငံ၏ Official eFootball Organization အဖြစ် ရှိနေမည်ဖြစ်သည်။
စနစ်တကျရှိသော Community တစ်ခုအဖြစ် သို့ကူးပြောင်းရုံသာမကပဲ၊ Local Players များကို International Qualifiers နှင့် Global Pathways များသို့ ပို့ဆောင်ပေးသည့် အခန်းကဏ္ဍများတွင် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ Community, Partners နှင့် Supporters များ၏ အထူးယုံကြည်မှု နှင့် အမြဲတမ်းပံ့ပိုးအားပေးမှုများအတွက်ကျွန်ုပ်တို့၏ လေးစားမှုနှင့်အတူ တန်ဖိုးထားအပ်သော ကျေးဇူးတင်စကား ပြောကြားလိုပါသည်။
Community ပြန်လည်တည်ဆောက်ခဲ့စဥ်ကစ၍ ယခုအခြေအနေထိ Founding Admins များကို ယုံကြည်စွာဖြင့် အတူရပ်တည်ပေးခဲ့ကြသော Players အားလုံးကိုကျေးဇူးတင်ရှိပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ Efootball လောက တိုးတက်ရေးအတွက် မှန်ကန်သောနည်းစနစ်များနှင့်အတူ စစ်မှန်သောလမ်းစဥ်ဖြင့် အတူတကွ ကြိုးစားအားထုတ်ကြပါစို့…
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗲𝗙𝗼𝗼𝘁𝗯𝗮𝗹𝗹 𝗟𝗲𝗮𝗴𝘂𝗲 (𝗠𝗲𝗙𝗟)
𝗩𝗮𝗻𝗱𝗮𝗹𝘀 𝗘𝘀𝗽𝗼𝗿𝘁𝘀 𝗖𝗼., 𝗟𝘁𝗱.



Comments